Email : info@kfc.com.mm

What's New

အားလုံးရင်ထဲ အေးစေမယ့် အမောပြေလေး လာပါပြီ ⛱️💦

နွေရာသီ ပူပူလောင်လောင်ကြီးမှာ ရင်ထဲထိ အေးမြသွားဖို့ တကယ် လိုအပ်တဲ့ Summer Drinks လေး (၂)မျိုး KFC ဆိုင်ခွဲတိုင်းမှာ ရတော့မှာဖြစ်ပါတယ်…

🍊လိမ္မော် အရသာလေးနဲ့ ချိုချဉ် မွှေးမွှေးလေး သောက်ချင်ရင် Orange Quench ကိုရွေး…
🍋 လီမွန်တီး အရသာ ချဉ်ပြုံးပြုံးလေးနဲ့ လန်းဆန်းအမောပြေချင်ရင် Iced Lemon Tea ကိုရွေး…

ဒီလိုပူအိုက်လွန်းတဲ့ နေ့တွေကို ကျော်ဖြတ်ဖို့ KFC က Summer Drinks လေးတွေနဲ့ဆို Okay မှာ စိုပြည်ဖို့ ဧပြီလ (၁၀)ရက်နေ့မှစပြီး လာခဲ့တော့နော်‼️

ချိုဆိမ့်မွှေးမွှေး Garlic Butter Chicken အရသာအသစ် ထွက်ပြီ‼️

တစ်ကိုက် ကိုက်လိုက်တိုင်းမှာထောပတ်ရနံ့ က လှိုင်တက် 🧈 ကြက်သွန်ဖြူရနံ့ အရသာ မွှေးမွှေးလေးနဲ့ 🧄 ချိုဆိမ့်မွှေးမွှေး ကြက်ကြော် အရသာ အသစ်လေး… Garlic Butter Chicken လာပါပြီ‼️

KFC ရဲ့ ကြွပ်ကြွပ်ရွရွ ကြက်ကြော် ကိုမှ ထောပတ်နဲ့ ကြက်သွန်ရနံ့ အရသာတွေ သင်းမွှေးပျံ့ပြီး ချိုပြီးဆိမ့်နေမှာဆိုတော့ ဘယ်လောက်တောင် ကောင်းမလဲ မတွေးနဲ့… အနံ့လေးနဲ့တင် ရူးခါသွားမယ်နော်…

ကိုယ်တိုင် ကိုယ်ကျ အရသာ ခံစားကြည့်ဖို့ ဒီနေ့မှစပြီးKFC ဆိုင်ခွဲတိုင်းမှာ ရပြီဗျို့ 📣‼️

Iced Coffee လာပါပြီ!

နေ့ရက်တိုင်းမှာ လန်းဆန်းနေစေဖို့ အားလုံးမျှော်လင့် စောင့်စားခဲ့ရတဲ့ Iced Coffee လေးလာပါပြီ ☕️🧊

တနေ့တာကို ကော်ဖီလေးနဲ့ စတင်မှ ပြီးပြည့်စုံတယ်ဆိုတဲ့ ကော်ဖီချစ်သူတို့အတွက် ချိုချိုခါးခါး အရသာလေးနဲ့ ရင်ထဲအေးမယ့် Iced Coffee လေးကို ဖေဖော်ဝါရီလ (၂၉)ရက်နေ့မှ စပြီး ဆိုင်ခွဲတိုင်းမှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်…

ချိုချို အေးအေး Iced Milo လေး

ငယ်ဘဝရဲ့အမှတ်တရ အရသာ ချိုချို အေးအေး Iced Milo လေး KFC မှာ ပြန်ရပြီဗျို့‼️🎉

မှတ်မိသေးလား…?
ငယ်ငယ်ကဆို အမြဲ သောက်ချင်ခဲ့တဲ့ ချောကလက်အရသာ Iced Milo အေးအေး မွှေးမွှေးလေးကို KFC က ယူတို့အတွက် ဆိုင်ခွဲတိုင်းမှာပြန်ခေါ်လာခဲ့ပြီနော်…

ဘယ်အချိန်တိုက်တိုက် မငြင်းနိုင်တဲ့ Milo အေးအေးလေးရဲ့ အရသာကို ဇန်နဝါရီလ (၂၆)ရက်နေ့မှစပြီး တူတူ ပြန်ခံစားလိုက်ကြရအောင်🍫‼️

တောင်းဆိုမှုအများဆုံး California Rice Box 🌟

Rice Box ထဲမှာ နာမည်အကြီးဆုံး၊ တောင်းဆိုမှုအများဆုံး၊ လူကြိုက်အများဆုံး ဖြစ်ခဲ့တဲ့ California Rice Box ပြန်လာပြီ‼️ 🔥

ထမင်းပူပူလေးကို ရေညှိဖတ်လေးတွေ၊ Popcorn Chicken လုံးလေးတွေနဲ့ အားလုံးကကြိုက်လှပါတယ်ဆိုတဲ့ အရသာကို ပြန်လည်ခံစားနိုင်အောင် အောက်တိုဘာလ (၂၆)ရက်နေ့ကျရင် KFC သာ အပြေးလာလိုက်ပါတော့ဗျို့ 📣

KFC SPICY BITES အသစ်ထွက်ပြီ🔥

ပူပူလေးနဲ့ စပ်စပ်လေးကို Snack အနေနဲ့ပေါ့ပေါ့ပါးပါး စားရတာကြိုက်ပြီး ဘာစားစား အစပ်လေးနဲ့မှဆိုတဲ့ အစပ်တလိုင်းတွေအတွက်

ထိထိမိမိ ဖြစ်သွားမယ့် Limited Time Offer Menu အသစ်
🔥Spicy Bites Popcorn Chicken နဲ့
🔥Spicy Bites Fries ကို အောက်တိုဘာလ (၁)ရက်နေ့မှစပြီး ဆိုင်ခွဲတိုင်းမှာ ဝယ်ယူရရှိနိုင်ပါပြီ‼️

KFC Terminal M ဆိုင်ခွဲဖွင့်ပြီ‼️

KFC Terminal M ဆိုင်ခွဲအသစ်ကို ယနေ့ စက်တင်ဘာလ (၂၈)ရက်နေ့မှစပြီး Terminal M Leisure Mall ဒုတိယထပ်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ် 🎉🥳

ဆိုင်ဖွင့်ပွဲအထိမ်းအမှတ် အထူးပရိုမိုးရှင်းတွေလည်း ဆက်တိုက်ရှိသွားမှာမို့ KFC ချစ်သူများအားလုံး လာရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော် ❤️