Email : info@kfc.com.mm

Brand Campaigns

ကြက်ကြော်ဆိုရင် KFC

(၂၀၂၃)ခုနှစ်တွင် အကောင်းဆုံးရလဒ်များ ရရှိနေဆဲဖြစ်သည့် “ကြက်ကြော်ဆိုရင် KFC” Brand Campaign လေးကို KFC Myanmar မှ ဂုဏ်ယူစွာဖြင့် မိတ်ဆက်ခဲ့ပါသည်။

KFC Myanmar ရဲ့ Brand Ambassador အသစ် 
လူတိုင်းက ချစ်ကြပြီး၊ ပျော်ရွှင်စရာတွေပေးသော “ကြော်ကြော်” ကို Campaign ထဲတွင်မြင်တွေ့ရမှာဖြစ်ပြီး ကြော်ကြော်” ၏ ချစ်စရာကောင်းပြီး အရသာရဲ့ဆွဲဆောင်မှုကို ဖော်ကျူးထားသည့် အခိုက်အတန့်လေးများကို ခံစားကြည့်ရှူရမှာဖြစ်ပါသည်။

Big and Spicy

“Big & Spicy Campaign” ကို ၂၀၂၀ ခုနှစ်တွင် “Big & Spicy” ဟူသည့် ထိမိသည့် အရသာကိုဖော်ကျူးသော ရည်ရွယ်ချက်ဖြင့် အားပေးသူ မိဘပြည်သူများကို စတင်မိတ်ဆက်ခဲ့ပါသည်။ KFC တွင် ကျွန်ုပ်တို့သည် အရသာနှင့် ပတ်သက်သည့် ကန့်သတ်ချက်များ မထားရှိခြင်း၊ Big & Spicy Campaign ကိုကြည့်ခြင်းဖြင့် KFC သည် စားသုံးသူများ၏ တုံ့ပြန်ချက်များကို အလေးထားကာ အရသာရှိပြီး ပိုကြီးသော ကြက်ကြော်များကို ကျွန်ုပ်တို့၏ စားသုံးသူများထံ ရောက်ရှိအောင် လုပ်ဆောင်ပေးနေသည်ကို သိနိုင်ပါသည်။

ကျွန်ုပ်တို့၏ မိရိုးဖလာ ကလေးဘဝ ကစားနည်းတစ်ခုဖြစ်သော ကြက်ဖခွပ်ပြိုင်ပွဲနှင့် ချိတ်ဆက်၍ Marketing Campaign တစ်ခုကို ဆွဲဆောင်မှုရှိကာ ပျော်ရွှင်ဖွယ်ကောင်းသော ပုံစံဖြင့် ပြုလုပ်ခဲ့ရာတွင် Big & Spicy ၏ အနှစ်သာရကို သေချာပုံဖော်နိုင်ခဲ့ကာ အောင်မြင်မှုများ ရရှိခဲ့ပါသည်။

Sharing is KFC

KFC ၏ နောက်ထပ်ထူးခြားသော “Sharing is KFC” Campaign ကို KFC Myanmar ၏ ၇ နှစ်မြောက် အထိမ်းအမှတ်အနေဖြင့် ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့ပါသည်။

Campaign ၏ အနှစ်သာရမှာ စစ်မှန်သော သူငယ်ချင်းကောင်းများ ရှိခြင်းသည် အကောင်းဆုံး လက်ဆောင် တစ်ခုဖြစ်ကြောင်း ဖော်ပြထားကာ ကြော်ငြာဗီဒီယိုကိုကြည့်ပြီးနောက် နွေးထွေးသောစိတ်ခံစားမှုကို ခံစားရမှာ ဖြစ်ပါသည်။ သင့်အနေနှင့် ဘယ်လို အခက်အခဲတွေနှင့် ကြုံစေကာမူ KFC သည် သူငယ်ချင်းကောင်းတွေကဲ့သို့ အဆိုးအကောင်း အားလုံးကို သင်နှင့် အတူမျှဝေခံစားဖို့ အမြဲအတူရှိနေသည်ကို ဖော်ကြူးရိုက်ကူးထားခြင်း ဖြစ်ပါသည်။

စကားလုံးများနှင့် မဖော်ပြနိုင်လောက်အောင် လှပပြီး အဓိပ္ပာယ်ရှိသော အရာတွေ ပါဝင်သည့် ကြော်ငြာဗီဒီယိုကို ကြည့်လိုက်ကြရအောင်။