KFC websites “kfc.com.mm” သို့ ဝင်ရောက်သည့်အတွက် ကျေးဇူးတင်ပါတယ်။ Summit Brands Restaurant Group တွင် ကျွန်ုပ်တို့၏ ကုန်အမှတ်တံဆိပ် သုံးစွဲသူများ၏ ယုံကြည်မှုကို အလေးထားသော အားဖြင့် ကျွန်ုပ်တို့ပေးထားသော ကတိကဝတ်အတိုင်း ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ နှင့် သက်ဆိုင်သည့် အရာအားလုံးကို ထိခိုက်မှုမရှိစေရန် ကြိုးစားလုပ်ဆောင်လျက်ရှိပါသည်။ ဤမူဝါဒသည် KFC ၏ မည်သည့် ဝဘ်ဆိုဘ်ကိုမဆို ဖုန်း (သို့) ဒက်စတော့ ကွန်ပျုတာမှ တဆင့် ဝင်ရောက်သည့်အခါမျိုးတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ် ပေးသွားမည် ဖြစ်သည်။ “Personal Information” ဆိုသည်မှာ KFC တွင် အကန့်အသတ်မရှိ ဝင်ရောက် ကြည့်ရှုနိုင်သည့် (သို့) ဝင်ရောက်နိုင်ဖွယ်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ အချက်အလက်၊ အမည်၊ လိပ်စာ၊ တယ်လီဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ နှင့် အခြားကိုယ်ရေးကိုယ်တာ အချက်အလက် အသေးစိတ်ကဲ့သို့သော အချက်အလက် တစ်ခုခု ကို ဆိုလိုသည်။ KFC ၏ Website ကိုအသုံးပြုသည့်အခါမျိုးတွင် ဤမူဝါဒ၏ စည်းမျဥ်းစည်းကမ်း နှင့် သတ်မှတ်ချက် မူဝါဒများကို နားလည် ရမည်ဖြစ်သည်။ KFC သည် သဘောတူညီချက်ကို ရုတ်သိမ်းရန် အကြောင်းကြားစာကို လက်ခံရရှိသော အခါတွင် သဘောတူညီချက် ရုတ်သိမ်းခြင်း၏ ဖြစ်နိုင်ခြေရှိသော အကျိုးဆက်များအား သင့်ထံ အသိပေး အကြောင်းကြားလိမ့်မည်ဖြစ်သည်။ ရုတ်သိမ်းခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးသည့်နောက် အချိန်အတိုင်းအတာတစ်ခုအထိ သင်၏ကိုယ်ရေးအချက်အလက်များအား KFC မှ သိမ်းထားခြင်း (သို့) ထုတ်ဖော်ခြင်းတို့ကို ပြုလုပ်မည်မဟုတ်ပါ။
KFC အနေဖြင့် ၎င်းတစ်ဦးတည်း ဆုံးဖြတ်ချက်ချရန် လိုအပ်သည့်အခါတိုင်းတွင် ဤမူဝါဒကို အခါအားလျော်စွာ ပြန်လည်ပြင်ဆင်နိုင်ပြီး KFC ၏ ဝဘ်ဆိုဘ်များ (သို့) ကျွန်ုပ်တို့ ဆိုင်များ၏ ဝန်ဆောင်မှုကို အသုံးပြုနေစဥ် အချိန်အတွင်းတွင် ၎င်းမူဝါဒများကို လိုက်နာကျင့်သုံး ရမည်ဖြစ်သည်။ ၎င်းတို့အတွက် ပြုလုပ်ထားသော နောက်ဆုံးပေါ် အခြေအနေများ (သို့) ပြောင်းလဲမှုများအား အချိန်နှင့်တစ်ပြေးညီ သိရှိစေရန် ၎င်းမူဝါဒကို ပုံမှန်စစ်ဆေးဖို့ ကျွန်ုပ်တို့မှ တိုက်တွန်းပါသည်။ ဤမူဝါဒသည် ၂၀၂၃ ခုနှစ် ဂျူလိုင် ၆ ရက်နေ့မှ စတင်၍ အကျိုးသက်ရောက်မှုရှိပါသည်။
ယေဘူယျအားဖြင့် အလုပ်လျောက်သည့်အခါမျိုးတွင်ဖြစ်စေ ၊ ကျွန်ုပ်တို့၏ KFC Site သို့ ဝင်ရောက်သော အခါတွင်ဖြစ်စေ နှစ်ခုအနက်မှ တစ်နည်းနည်းဖြင့် KFC မှ သင့်ကိုယ်ရေး အချက်အလက်များကို ရယူနိုင်ပါသည်။