Email : info@kfc.com.mm

KFC Global

KFC သည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၁၅၀ ကျော်တွင် ဆိုင်ပေါင်း ၂၈,၀၀၀ ကျော် ဖွင့်လှစ်ထားသည့် အကြီးဆုံး စားသောက်ဆိုင် အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် အထင်ရှားဆုံး ကြက်ကြော် အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်ပါသည်။ Colonel ၏တန်ဖိုးရှိလှသော စံနှုန်းများသည် ယနေ့အချိန်ထိ တည်ရှိနေဆဲဖြစ်ပြီး ကျွန်ုပ်တို့၏ အစားအစာ၊ ဝန်ထမ်းများ၊ ဝန်ဆောင်မှုနှင့် စားသောက်ဆိုင်များ အားလုံးတွင် လက်စွဲပြု ကျင့်သုံးနေသည်ကို တွေ့နိုင်ပါသည်။

KFC သည် မိမိတို့၏ အစားအစာများဖြင့် ဂုဏ်ယူစွာ ‌ဝန်ဆောင်မှုပေးလျက်ရှိပြီး ကျွန်ုပ်တို့သည်  အကောင်းဆုံးပြင်ဆင်၍ လုပ်ငန်းခွင်သို့လာပြီး စားသုံးသူများကို မိမိတို့၏ သူငယ်ချင်းတစ်ယောက်ကဲ့သို့ ဆက်ဆံသင့်သည်ဟု လက်ခံယုံကြည်ထားပါသည်။ စားသုံးသူတိုင်း KFC မှ ‌ပျော်ရွှင်စွာ ထွက်ခွာအောင် လုပ်ဆောင်ရန်မှာ ကျွန်ုပ်တို့၏ တာဝန် ဖြစ်ပါသည်။

THE COLONEL’S VALUES ARE STILL VERY MUCH ALIVE AND WELL INSIDE OUR BRAND AND YOU CAN SEE THOSE VALUES COME TO LIFE IN OUR FOOD, OUR PEOPLE, OUR SERVICE, AND OUR RESTAURANTS.
မိမိကိုယ်ကို အကောင်းဆုံးဖြစ်အောင်နေပါ၊ တမူထူးခြားအောင် ပြုလုပ်ကြည့်ပါ။ ပျော်ရွှင်စွာ နေပါ။

ကျွန်ုပ်တို့သည် သူများနှင့်မတူ တမူထူးခြားရုံအတွက်သာ အသစ်အဆန်းများကို ဖန်တီးနေခြင်း မဟုတ်ပါ။ KFC ၏ တည်ထောင်သူ Colonel Sanders ၏ နည်းစနစ်နှင့်အညီ လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ KFC ၏ ကြက်သားများကို မိမိတို့၏ မီး‌ဖိုဆောင်တွင် စနစ်တကျ အဆင့်ဆင့် အရသာစပ် ချက်ပြုတ်ပါသည်။ ကျွန်ုပ်တို့သည် စားသုံးသူများ စားသောက်ရာတွင် အစစ အရာရာ အဆင်ပြေစေရန် သဘာဝအရည်အသွေးမြင့် ပါဝင်ပစ္စည်းများကိုသာ အသုံးပြုပါသည်။ စားသောက်ဆိုင်တွင်း မိသားစု (သို့) မိတ်ဆွေသူငယ်ချင်းများနှင့်အတူ စားသောက်ကာ အချိန်ကို ပျော်ရွှင်စွာ ကုန်ဆုံးနိုင်စေရန် ဆိုင်အတွင်း နေရာ အခင်းအကျင်းမှအစ သေချာစွာ ဖန်တီးလုပ်ဆောင်ပေးထားပါသည်။ ကျွန်ုပ်တို့သည် ကြက်ကြော်ကို အကြောင်းပြု၍ ပိုမိုကောင်းမွန်‌သော ဆိုင်ဖွဲ့စည်းပုံနှင့် မီးဖိုချောင်တွင် စားစရာများကို လွယ်ကူလျင်မြန်စွာ ချက်ပြုတ်နိုင်စေရန်အတွက် နည်းလမ်းအသစ်များကို အမြဲမပြတ် ကြိုးစားရှာဖွေပါသည်။

ကျွန်တော်တို့၏ အစားအစာသည် အမြဲတမ်း အရသာရှိစွာဖြင့် စားချင်စဖွယ်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကျွမ်းကျင်သော ကြက်ကြော်ပညာရှင်များဖြစ်ပြီး ကျွန်ုပ်တို့ ချက်ပြုတ်သမျှ အစားအစာများကို စားပြီးရင်းစားချင်နေအောင် ကြော်လှော်ချက်ပြုတ် ထားပါသည်။ KFC ၏ ကမ္ဘာကျော် အထင်ကရ အရသာ ကြက်ကြော်များ၊ ထူးခြားဆန်းသစ်သော နည်းဖြင့် ကြက်ကြော်ကို စားသုံးရန် နည်းလမ်းများ (သို့) မူလအရသာကို အခြေခံသည့် မီနူးအသစ်များကို ဖန်တီးခြင်းစသည်ဖြင့် KFC မှ ပြုလုပ်ဖန်တီးသည့် အရာအားလုံးသည် အများနှင့်မတူ တမူထူးခြားနေရပါမည်။ ကျွန်ုပ်တို့ မီးဖိုချောင်ရှိ ချက်ပြုတ်သူများမှ အရည်အသွေးမြင့် လတ်ဆတ်သည့် ကြက်သားကို အသုံးပြု၍ အရသာရှိစွာ ချက်ပြုတ်ထားသော စားစရာများဖြင့် ဝန်ဆောင်မှုပေးရသည့်အတွက် ဂုဏ်ယူမိပါသည်။

Colonel Sanders ၏ ကျော်ကြားမှုသည် သူ၏ ဟင်းခတ်အမွှေးအကြိုင် ၁၁ မျိုး၏ ပေါင်းစပ်မှုကြောင့် လူသိများသော်လည်း အရည်ရွှမ်းပြီး နူးညံ့သော ကြက်‌ကြော်ကို သူတီထွင်ထားသောနည်းလမ်းဖြစ်သည့် ကြက်သားကို လက်နှင့် ပေါင်မုန့်အသားကပ်၍ လတ်ဆတ်စွာ ကြော်ခြင်းကြောင့်ဖြစ်သည်ကို သိသူ နည်းပါသည်။

Colonel ၏ နည်းစနစ်အရ ဖိအားကို အသုံးပြု၍ ‌ကြော်ချက်ထားသည့် ကြက်‌ကြော်သည် KFC ၏ အမှတ်အသားတစ်ခုဖြစ်ပြီး ယခုအခါ အခြားသော ကြက်ကြော်များ နှင့်မတူဘဲ ကြွပ်ရွသော အရေခွံနှင့် နူးညံ့သော အသားဖြင့် ပေါင်းစပ်ထားသည့် ကြက်ကြော်မှာ ” Original Recipe” အဖြစ် ယနေ့တွင် နာမည်ကြီးလျက် ရှိပါသည်။

KFC Myanmar တွင် Colonel ၏  အတွေးအခေါ် နည်းစနစ်များကို လက်ဝယ်ပြု ကျင့်သုံးလျက်ရှိပြီး စတင်တည်ထောင်သူမှ ချမှတ်ပေးထားသော နည်းလမ်းကို အသုံးပြု၍ ကြက်သားကို အရသာရှိအောင် သန့်ရှင်းသောလက်နှင့် ပေါင်မုန့်သားကပ်၍ ‌ကြော်ချက်ထားသည်။ စားသုံးသူထံမှ အော်ဒါလက်ခံရရှိမှသာ လတ်ဆတ်သော ကြက်သားများကို မီးဖိုချောင်တွင် ကြော်လှော်ပြင်ဆင်ပြီး စားလိုက်တိုင်း အရသာရှိ လတ်ဆတ်နေစေရန်  ပြင်ဆင်လုပ်ဆောင်ပါသည်။