Email : info@kfc.com.mm

Terms of Use

ဤဝဘ်ဆိုက်တွင် KFC Myanmar အမှတ်တံဆိပ်နှင့် ၎င်း၏ လုပ်ငန်းခွဲများကို ကမ္ဘာတစ်ဝှမ်းရှိ ၎င်း၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ခွဲခြားသိမြင်စေရန်အတွက် တန်ဖိုးကြီးကုန်အမှတ် တံဆိပ်များ အများအပြားပါရှိသည်။ ဤကုန်အမှတ်တံဆိပ်များနှင့် ဆက်စပ်မူပိုင်ပစ္စည်းများကို နိုင်ငံတော်နှင့် နိုင်ငံတကာ ဥပဒေများအောက်တွင် ပြန်လည်ထုတ်လုပ်ခြင်း (သို့) ကူးယူခြင်းများမှ ကာကွယ်ပေးထားပြီး SUMMIT BRANDS RESTAURANT GROUP CO.,LTD ၏ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်လုပ်ခြင်း (သို့) ကူးယူခြင်း မပြုရပါ။

KFC ဝဘ်ဆိုက်တွင် အခြားကုမ္ပဏီ၊ အမှတ်တံဆိပ်နှင့် ထုတ်ကုန်အမည်များ၏ ကိုးကားချက် များလည်း ပါဝင်နိုင်ပါသည်။ ဤနေရာတွင် ကုမ္ပဏီ၊ အမှတ်တံဆိပ်နှင့် ထုတ်ကုန် အမည်များကို သက်သေခံ ရည်ရွယ်ချက်များအတွက်သာ အသုံးပြုကြပြီး သက်ဆိုင်ရာ ပိုင်ရှင်အသီးသီး၏ အမှတ်တံဆိပ်များလည်း ဖြစ်နိုင်ပါသည်။ ပြသထားသော လူ (သို့) နေရာများ၏ ပုံရိပ်များ၊ ပုံစံများ၊ တည်ဆောက်ပုံများနှင့် ဆိုက်အတွင်း ပြသထားသော (သို့) တွေ့ရှိသည့် ဂရပ်ဖစ်များသည် SUMMIT BRANDS RESTAURANT GROUP CO., LTD ၏ သဘောတူခွင့်ပြုချက်ဖြင့် အသုံးပြုထားခြင်း ဖြစ်သည်။

ဝဘ်ဆိုက်၏ ခွင့်ပြုချက်မရှိဘဲ အသုံးပြုထားသည့် မည်သည့်ပစ္စည်း၊ ဖွဲ့စည်းပုံ၊ အစီအစဥ် (သို့) လုပ်ထုံးလုပ်နည်း၊ တည်နေရာဒီဇိုင်း (သို့) ကုန်အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှုအမှတ်အသားများ (သို့) မည်သည့်ကုန်သွယ်မှုဆိုင်ရာ အမှတ်သားမျိုးကိုမဆို ဆိုက်အတွင်း တွေ့ရှိပါက ကုန်အမှတ်တံဆိပ်များ အပါအဝင် ပြစ်မှုဆိုင်ရာဥပဒေများ၊ ကိုယ်ရေးကိုယ်တာနှင့် လူသိရှင်ကြားဥပဒေများ အပါအဝင် ဆက်သွယ်ရေးစည်းမျဉ်း ဥပဒေများကိုပါ ချိုးဖောက်နိုင်ပါသည်။

KFC ၏ ဝဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုခြင်းဖြင့် အသုံးပြုသူသည် ဝဘ်ဆိုက်ပေါ်တွင် ပြသထားသည့် မည်သည့်ပစ္စည်း (သို့) မည်သည့်အချက်အလက်ကိုမဆို လိုင်စင် (သို့) အသုံးပြုပိုင်ခွင့် (သို့) အပို ကူးယူခြင်း များကို ခွင့်မပြုပါ။