Email : info@kfc.com.mm

Our Heritage

The Colonel Sander ၏ အကြောင်း

၁၈၉၀

Harland Sanders ကို ၁၈၉၀ ခုနှစ်တွင် အင်ဒီယားနားပြည်နယ်၊ Henryville ၌ မွေးဖွားခဲ့ပါသည်။ သူ၏ စွန့်စားလိုသော စိတ်ဓာတ်ကြောင့် တောင်ပိုင်းရှိ ပြည်နယ်များတွင် ရေနွေးငွေ့သင်္ဘောမောင်းသူ၊ ရထားလမ်း မီးသတ်သမားနှင့် လယ်သမားအဖြစ် လုပ်ကိုင်ခဲ့ပါသည်။

၁၉၃၀

Harland သည် အသက် (၄၀) ရောက်ချိန်တွင် ပင်ပန်းနွမ်းနယ်နေသော ခရီးသွားများကို သူငယ်စဉ်ကတည်းက စားသုံးနေကြဖြစ်သည့် တောင်ပိုင်းစတိုင် ကြက်သားကြော်ဖြင့် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခုကို လွှဲပြောင်းရယူခဲ့သည်။

၁၉၃၉

နောက်ဆုံးတွင် Colonel သည် ဟင်းခတ်အမွှေးအကြိုင် ၁၁ မျိုး၏ ပေါင်းစပ်မှုဖြင့် ပြည့်စုံ ထူးခြားသော အရသာကို ဖော်ထုတ်နိုင်ခဲ့ကာ ထိုအရသာမှာ ယနေ့တိုင် ကျော်ကြားနေဆဲဖြစ်ပြီး အရသာ ဖော်စပ်ပုံမှာလည်း လျှို့ဝှက်ချက်တစ်ခုဖြစ်ပါသည်။

၁၉၅၀

Colonel သည် သူ၏ အထင်ကရဖြစ်သော အဖြူရောင်ဝတ်စုံကို ပထမဆုံး အကြိမ်အဖြစ် စတင်ဝတ်ဆင်ခဲ့ပြီး ထိုအချိန်မှစ၍ လူမြင်ကွင်းသို့ ထွက်ရသည့် အခါတိုင်းတွင် ထိုဝတ်စုံကိုသာ အမြဲဝတ်ဆင်ခဲ့ပါသည်။

၁၉၅၂

Utah ပြည်နယ် Salt Lake City တွင် ပထမဆုံးသော Kentucky Fried Chicken franchise ကို ဖွင့်လှစ်ခဲ့ပါသည်။

၁၉၅၆

၁၉၅၆ ခုနှစ်တွင် Colonel Sanders သည် ၎င်း၏ Corbin၊ Kentucky စားသောက်ဆိုင်ကို ရောင်းချပြီး KFC ဆိုင်ခွဲအသစ်များကို တိုးချဲ့ဖွင့်လှစ်နိုင်အောင် လုပ်ဆောင်ခဲ့ပါသည်။

၁၉၅၇

KFC သည် ကြက်ကြော်များကို Bucket များဖြင့် ပထမဆုံး ရောင်းချခဲသည့် Brand ဖြစ်ပါသည်။

၁၉၆၄

Colonel သည် ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ရှိပြီး သူ၏ ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံသူများထံရောင်းချခဲ့ပါသည်။

၁၉၈၀

Harland Sanders သည် ချမ်းသာအောင်မြင်သော ဘဝတစ်ခုရပြီးနောက် အသက် ၉၀ အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။ သို့သော် သူ၏ မူလအရသာ Original Recipe ကြက်‌ကြော်ကြောင့် ဆက်လက်နာမည်ကြော်ကြားလျက်ရှိကာ ကုမ္ပဏီ၏ အမှတ်တံဆိပ်သည်လည်း နှစ်ပေါင်းများစွာအတွင်း ပြောင်းလဲမှုများရှိခဲ့ပြီး သူ၏မျက်နှာမှာ အမှတ်တံဆိပ်၏ အရှေ့ဆုံးနေရာတွင် ဆက်လက် တည်ရှိဆဲဖြစ်ပါသည်။

၂၀၁၅

မြန်မာနိုင်ငံ၏ ပထမဆုံး KFC စားသောက်ဆိုင်ကို ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် ဖွင့်လှစ်ခဲ့ပြီး စားသုံးလိုသူ အလွန်များပြားမှုကြောင့် နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းခဲ့ကြသည်။